အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
မန္တလေးတိုင်းဒေသကြီး၊မန္တလေးမြို့
(အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)

၁။           ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မှ ဆောင်ရွက် မည့် အောက်ဖော်ပြပါ လုပ်ငန်းအား တင်ဒါခေါ်ယူရန်အတွက် အိတ်ဖွင့်တင်ဒါ ဖိတ်ခေါ် အပ်ပါသည်-

စဉ်

တင်ဒါအမှတ်

လုပ်ငန်းအမည်

(က)

2-65(T) /MESC / 2018-2019

၃၃ကေဗွီ ပျော်ဘွယ်လိုင်းမှ စံတော်ရာကုန်းကျောင်းအထိ ၃၃ကေဗွီ ACSR ဓာတ်အားလိုင်း(၁)မိုင် အဆင့်မြှင့်တင်ခြင်း(ပစ္စည်း+လုပ်အားခ)

(ခ)

2-66(T) /MESC / 2018-2019

၃၃/၁၁ကေဗွီမြရည်နန္ဒာခွဲရုံမှဝန်အားမျှဓာတ်အားဖြန့်ဖြူးနိုင်ရန်၁၁ ကေဗွီ ဓာတ်အားလိုင်း(၀.၃၄)မိုင်၊၁၁ကေဗွီရတနာဘုမ္မိဖီဒါဝန်အားမျှရန် ၁၁ကေဗွီဓာတ်အားလိုင်း(၀.၁၁)မိုင်၊၁၁ကေဗွီဘုရားကြီး(၁)ဝန်အားမျှ ရန်၁၁ကေဗွီဓာတ်အားလိုင်း(၀.၂၃)မိုင်နှင့်၁၁ကေဗွီရဲမွန်ဖီဒါဝန်အားမျှ ရန်၁၁ကေဗွီဓာတ်အားလိုင်း(၀.၄၅)မိုင်စုစုပေါင်း၁၁ကေဗွီSACဓာတ် အားလိုင်း(၁.၁၃)မိုင်အသစ်တည်ဆောက်ခြင်း(ပစ္စည်း+လုပ်အားခ)

(ဂ)

6-3(T)/MESC/2018-2019

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း လက်အောက်ရှိ ရမည်းသင်းမြို့နယ်တွင် လေလံတင်ရောင်းချရန် ကျန်ရှိနေသော ထရန်စဖော်မာ (၁)လုံးအား အိတ်ဖွင့်တင်ဒါ (ဈေးပြိုင်) လေလံတင် ရောင်းချခြင်း

၂။            အိတ်ဖွင့်တင်ဒါပုံစံ နှင့်  စည်းကမ်းချက်များကို ( ၁၂ . ၇ .၂၀၁၉ )  ရက်နေ့တွင် စတင်၍ ရောင်းချမည် ဖြစ်ပြီး  ( ၂၅ . ၇  .၂၀၁၉) ရက် (၁၄:၀၀)  နာရီတွင် တင်ဒါပိတ်မည်ဖြစ်ပါသည်။ 

၃။           တင်ဒါစိစစ်ရွေးချယ်မည့်ရက်အား ထပ်မံအကြောင်းကြားပါမည်။ တင်ဒါပုံစံနှင့် အသေးစိတ် အချက် အလက် များကို ရုံးချိန်အတွင်း အောက်ပါလိပ်စာတွင် လာရောက် စုံစမ်းဝယ်ယူနိုင်ပါသည်။

 

 တင်ဒါကော်မတီ
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်)
၂၇ လမ်း၊ ၇၇x၇၈ကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့
ဖုန်း -  ၀၂-၄၀၆၉၁၂၁,၀၂-၄၀၇၃၈၀၁